
မြန်မာစာ
မြန်မာစာဘာသာရပ်မိတ်ဆက်
ပညာရေးတက္ကသိုလ် ပဉ္စမနှစ်(ဒုတိယနှစ်ဝက်)၊ မြန်မာစာဘာသာရပ်တွင် အောက်ပါစာအုပ်များကို လေ့လာရမည်ဖြစ်သည်။
၁။ဇော်ဇော်အောင်ဖတ်စာ
၃။အတ္ထဗေဒနိဒါန်း
၄။ဝတ္ထုတိုစာတမ်း
၅။ဝတ္ထုရှည်စာတမ်း
၆။မြန်မာကဗျာစာတမ်း
၇။ဘာသာပြန်ဆောင်းပါး
၈။စကားပြေစာတမ်း
၉။ဒဂုန်တာရာ၏စာပေသဘောတရား၊စာပေဝေဖန်ရေး၊စာပေလှုပ်ရှားမှု
သင်ခန်းစာများသင်ကြားပြီးချိန်တွင် ကျောင်းသားများအနေဖြင့်စာပေအကြောင်း၊ ဝေဖန်ပုံဝေဖန်နည်းနှင့် ခေတ်အခြေအနေအလိုက် စာပေလှုပ်ရှားမှုများကို သိရှိလေ့လာနိုင်ပါမည်။ စာပေအနုပညာကို စနစ်တကျ လေ့လာလိုစိတ်ရှိလာခြင်း၊ ကမ္ဘာ့စာပေအကြောင်းများသိရှိလာခြင်း၊ ကဗျာ၊ စကားပြေ၊ ဝတ္ထုတို၊ ဝတ္ထုရှည်များ၏ အခြေခံသဘောတရားများကို သိရှိလာခြင်းအပြင် စာရေးသူတို၏အတွေ့အကြုံများကိုပါ လေ့လာခွင့် ရမည်ဖြစ်သည်။ ထို့အပြင် ယင်းစာအုပ်များကို လေ့လာဖတ်ရှုခြင်းအားဖြင့် စာတမ်းပြုစုရာတွင်လည်း အထောက်အပံ့ကောင်းများ ရရှိလာမည်ဖြစ်သည်။